Thursday, December 8, 2011

မေတ္တာကျောက်ခေတ်

နည်းနည်းလေးပေးပြီး အများကြီးယူသွားသူကို
အများကြီးပေးပြီး နည်းနည်းမှမရခဲ့သူက
ဂုဏ်ပြုလိုက်ပါတယ်
ကံမကောင်းသူဆိုတာ
အပြစ်တင်ခြင်းပါ ခံရတတ်ပါတယ်
ငါ့အပြစ်ပါပဲလေ။

မင်းကို အပြစ်မတင်ရက်ခဲ့တော့
ငါ့ကို အပြစ်တင်ကြပြီ
ညိတတ်တဲ့ဆူးမှာ အပြစ်မဲ့ပါတယ်
ညိတတ်မှန်းသိရဲ. အနားသွားသူက အပြစ်ရှိပါတယ်
မြေပေါ်ကလူ တိမ်နဲ.ညိခဲ့တာတော့
အခံရခက်တယ်။

အိပ်မက် မက်မက်နေရင် မသိစိတ်မှာရှိနေသေးတာလား
အကြောင်းတိုက်ဆိုင်လို.သတိရရင် ချစ်နေသေးတာလား
ငါမဖြေရဲတဲ့မေးခွန်းတွေဟာ
မင်းမမေးရဲတဲ့မေးခွန်းတွေပဲဖြစ်မှာပါ
မင်းက လိပ်ပြာလုံချင်သူလေ
ငါခွင့်လွှတ်ရင် မင်းမနာကျင်တော့တာသေချာလား။

တို.ဝေးကြပါစို.ဆိုတာ မင်းစပြောတာလေ
နှလုံးသားပေါ်ကစာကို ဖျက်ချင်တော့
နှလုံးသားကိုချေမွတာ မင်းတရားပါတယ်
မလုပ်ပါနဲ. တောင်းပန်မိတဲ့ငါက မတရားခဲ့တာ
မင်းတို.ချစ်ခြင်းကိုခွဲဖို.
ငါ့ချစ်ခြင်းကို ပြပြီး အသနားခံခဲ့တဲ့ငါ မတရားခဲ့တာ
ခုတော့ကျေနပ်ပါလေ။

သုံးနှစ်ကျော်လို. မေ့ဖို.ကောင်းပြီလို. မင်းပြောလိုက်ပါ
တစ်သက်လုံးလို. ငါပြောခဲ့တာ မယုံခဲ့တာ မင်းလေ
မနက်ဖြန်ကစတဲ့ မင်းဘ၀ကို မသိချင်ပေမယ့်
လွန်ခဲ့သောကာလများက ငါ့ဘ၀ထဲ ပါခဲ့တဲ့မင်းအကြောင်းကို
မမေ့တာက ငါ့စွဲလမ်းမှုပါ
ဖြတ်လို.ရရင် ဆစ်ပိုင်းထားခဲ့လို.ရရင်
ထားခဲ့တာကြာရောပေါ့
နာကျင်မှုတွဲပါနေတဲ့ သတိရခြင်းကို ဘယ်သူလိုချင်မှာလဲ။

အလိုလိုဖြစ်မလာတဲ့ ခွဲခွာခြင်းကို
အလိုလိုဖြစ်လာတဲ့ နာကျင်ခြင်းနဲ. လက်ဖွဲ.လိုက်ပါတယ်
ဆုံးရှူံးမှုဆိုတာ ကြိုတွေးထားတာထက်နာတယ်
မေ့နိုင်မှု ဆိုတာကလည်း
ကြိုတွေးထားတာထက်ကြာတယ်
သဘာဝက မမျှတလေဘူး။

ဘ၀ကို လှောင်ရီတတ်ဖို. သင်ယူနေဆဲပါ
နာကျင်မှုကို သဘာဝကျကျ ရင်ဆိုင်နည်းက
ဒီတစ်နည်းပဲရှိတယ်ဆိုရင်
ငါ ကြိုးစားအားထုတ်မှုညံ့တယ်
မဲ့ပြုံးမှာတောင်မှ မင်း ကွယ်ရာမှပြုံးရဲခဲ့တာပဲ
ငါ့ အချစ်က ဆိတ်ကွယ်ရာမှ လက်ပန်းပေါက်ခတ်တယ်
ကဲ…… မင်းပဲ မဲ့ပြုံး ပြုံးတော်မူ။

အတွေ.အထိ၊ အကြားအကြည့်တိုင်းမှာ
အသိလေး အတိုင်းထားနိုင်လို.လား
သတိလေးတစ်ချက်ကပ်နိုင်လို.လား
အနီးကပ်တောင်မဟုတ်ဘူး
ဟိုး…..ကာလအဝေးကြီးက တုန်ခါမှုက
အခုအထိ ဆတ်ဆတ်ခါစေတာကတော့
တုန်ခါနှုန်းပြင်းလွန်းတာထက်
ခံယူသူကိုက အခြေမခိုင်တာနေမှာပါ။

မင်းနဲ.မှ ပါရမီမြောက် နာကျင်တတ်တာ
သံသရာ တစ်ကြောလုံး ငါရက်စက်ခဲ့မိလို.
ဒီဘ၀မှာ လက်စားချေတာလား
နောက်ဘ၀မှာဆက်ယူပါလေ
ကျေနပ်သည်အထိ ယူတော်မူပါလေ။

အတူဆုံဖို.ဆုတောင်းပြီးမှ
ပြန်မဆုံဖို.ဆုတောင်းရတာ
ရှင်တော်ကို အားနာဖို.တော့ကောင်းပါတယ်
မင်းဆန္ဒကို ပြည့်စေဖို.က ခက်လွန်းတယ်
ငါ့ဆန္ဒကို အလိုမလိုက်ဖို.ကလည်းခက်လွန်းတယ်
အလွယ်လိုက်ပြီး လွမ်းနေလိုက်ရအောင်ကလည်း
ခက်လွန်းတယ်။

မင်းနဲ.ပတ်သက်ရင် ခက်နေကျဆိုတော့လည်း
အိပ်မက်မက်ဖို. ခက်လိုက်ပါ့လား
သတိရဖို.ခက်လိုက်ပါ့လား
အဲလိုလည်းမဟုတ်ပြန်ဘူးဆိုတော့
ငါကိုက ဘာမှန်း မသိတာပါကွယ်
မင်းထားခဲ့တာ မှန်နေပါတယ်။

လောကကြီးက ကဗျာစပ်လို.မရအောင် မယဉ်ကျေးတော့ဘူးလား
ချစ်သူကလည်း ကတိတွေ တည်ဖို.ရာ မယဉ်ကျေးတော့ဘူးလား
ကလေးတွေလည်း မဆဲမဆိုတတ်အောင် မယဉ်ကျေးတော့ဘူးလား
ဝမ်းနည်းစွာတွေးမိတော့
ကျောက်လက်နက်နဲ. စခဲ့တဲ့ အရိုင်းဘ၀ကိုတောင် ကြုံခဲ့သေးတာ
ငါတို. ဒီခေတ်ထဲမှာပါကွယ်။

တို.က အရိုင်းအစိုင်းတွေ အတွက်ပိုယဉ်ကျေးပေးရအောင်ပါ
မချစ်တဲ့သူတွေကိုတောင်မေတ္တာပို.နိုင်ရင်
ချစ်ခဲ့တဲ့သူတွေအတွက် ခွင့်လွှတ်ခြင်းတွေပေးရအောင်ပါ
ရေဆန်လမ်းဆိုတော့လည်း
သတ္တိတော့လိုနေပေလိမ့်မယ်။

တုန်ခါနေတာကိုသိရင် တည်ငြိမ်နေတာကို သိရမှာပေါ့
တုန်ခါစေတာကိုသိရင် တည်ငြိမ်စေတာကိုသိရမှာပေါ့
ရေစုန်မျောလိုက်နေတဲ့ စိတ်မှာမှ
ရေဆန်ကူးဖို. သတိလေးရရင်
အိပ်မက်မှထရင် ပြုံးနိုင်လိမ့်မယ်
အတွေးမှာ တစ္ဆေလိုပူးရင် ခွာလို.ရမယ်။

တကယ်တော့ တို.ကိုနာကျင်စေတာတို.စိတ်ပါလေ
အရှိတရားကို သတိလေးထားကြည့်မှ တော်ကာကျမယ်
အတိတ်မှာပြုခဲ့သူအတွက် ပစ္စုပ္ပန်မှာ နာဖို.လိုသလား
တုန်ခါမှုကို ဒီအထိခေါ်ထားမှာလား
ဒီတခါသနားရမှာက ကိုယ့်ကိုကိုယ်ပါလေ။

သူတို.ပြုသလိုခံရမှာဆိုရင်တောင်မှ
သူတို.ဒီလိုမရည်ရွယ်ကြပါဘူး
သူတို.ဆန္ဒကို မလွန်နိုင်ကြတာ
တို.က တို.ဆန္ဒကို လွန်ဆန်ကြမှ
တို.ကြုံနေရတာခွာချလို.ရမယ်။

တို.ကချစ်သူတွေကို အလိုမကျတာနဲ.
တို.ကိုချစ်သူတွေကို မနာကျင်စေရအောင်ပါ
တို.မကြိုက်တဲ့ လမ်းခွဲမှုမျိုးတွေ
ဘယ်သူမှမရကြပါစေနဲ.တော့
တနိုင်တပိုင်လေး ကူညီကြရင်ကောင်းမှာ။

ကျောက်ခေတ် အရိုင်းဘ၀ကနေ
ငါတို.တွေ ယဉ်ကျေးလာကြသလို
မေတ္တာတွေ ရိုင်းစိုင်းနေတဲ့ဘဝ
ငါတို.ကစ ယဉ်ကျေးကြမယ်လေ။ ။

No comments: