အခန်း(၂)
အိမ်ရှေ.ရှိ ပိတောက်ပင်ပေါက်သည် ကျွန်တော် ထွက်ခွာစဉ်က လူတစ်ရပ်ပင် မရှိတတ်သေး။ ယခုမူ အရိပ်မှိုင်းမှိုင်း တို.ဖြင့် အုပ်ဆိုင်း ညွှတ်ကိုင်းနေပေပြီး။ စိမ်းခက်သော အရွက်ဖားတို.ဖြင့် ဣနြေ္ဒရစွာ ရင့်ကျက်နေပြီ ဖြစ်သည်။
“ကိုကို ဟိုမှာရော ရည်းစားမတွေ. ခဲ့ဘူးလား”
အိမ်မျက်နှာစာ၌ တင်ထားသာ ပန်းအိုးအတွင်းရှိ မြေကိုဆွရင်း သီသီထွန်း လှမ်းမေးသည်။ ကျွန်တော် ရယ်ရင်း ၀ါးပက်လက်ကုလားထိုင်ပေါ် တင်ထားသော ခေါင်းကိုယမ်းလိုက်သည်။ သီသီထွန်း မဲ့ပြုံးပြုံးရင်း မော့ကြည့်သည်။
“မလုပ်ပါနဲ့ ညီမလေးရာ၊ ကြောက်လွန်းလို.ပါ”
“မမ၀ါတော့ သီတင်းကျွတ်တိုင်း ဖေဖေ့ဆီ လာကန်တော့တယ်”
“သြော်”
ကျွန်တော့် ဖခင်သည် အငြိမ်းစား ကျောင်းဆရာကြီး။ ၀ါဝါတို.၏ ဆရာရင်း ဖြစ်ခဲ့ဘူးသည်။
“ကိုကိုကလည်း အသည်းငယ်လိုက်တာ၊ မင်္ဂလာဆောင်တဲ့ နေ.အထိတောင် မစောင့်ဘူး၊ တန်းလစ်တာပဲ”
သီသီထွန်းကို တအံ့တသြ လှမ်းကြည့်မိသည်။ ရယ်ချင်ချင် မျက်နှာထားကို အတင်းတည်ထားသည်။ စမှန်းသိသော်လည်း အခံရခက်စွာ ရယ်လိုက်သည်။
“ပြောင်းမိန်.ကျတာကြာပါပြီ မိသီရယ်၊ နင်လည်းအသိပါ”
တဟင်းဟင်း ရယ်သည်။ ရယ်သံသဲ့သဲ့ နှင့်ပင်
“ကိုကိုပဲ မပြောင်းတော့ဘူး၊ အလုပ် ထွက်တော့မယ်ဆို၊ မမ၀ါလည်း မင်္ဂလာဆောင်ရော အလုပ်ထွက်စကား မပြောတောဘူး၊ မြန်မြန်ပြောင်းတော့မယ်ပဲ ပြောတယ်”
ဟုတ်မှန်သော စကား။ ပြန်မချေပတတ်။ ရယ်ပဲနေလိုက်ရသည်။
ပိတောက်ပင်ပျိုသည်လည်း လှောင်ပြောင်သံ တရှဲရှဲကို လေတိုးတိုင်း ပြုနေလေသည်။
************************************************************
“ဝေဿန္တရာမင်းကြီးတောင် စူဇကာပုဏ္ဏား လက်ထဲမှာ ကိုယ့်သားသမီးတွေ ညှင်းပန်း ခံရတာမြင်တော့
ဒီပုဏ္ဏားကို သတ်ပြီး သားသမီးကို ပြန်ခေါ်မယ်လို. အကြံဖြစ်သေးတာပဲ”
ပြောရင်း မျက်မှန်ကို ချွတ်၍ တိုက်ပုံ အင်္ကျီ အစွန်းနှင့်ပွတ်ကာ
“ဆရာလည်း ကို.သားလေး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင်လုပ်တဲ့ ဦးခင်လှိုင်ကို ဒေါသ ဖြစ်မိတာပေါ့ကွာ၊ ဒါပေမယ့် ဆရာဖြေနိုင်ပါတယ်”
ကျော်စွာ ခေါင်းတညိမ့်ညိမ့် လုပ်သည်။ ကျွန်တော် မျက်နှာ မထားတတ်၍ ခေါင်းငုံ.လိုက်သည်။ ဖေဖေဆက်ပြောသည်။ ကျောင်းဆရာဟောင်းပီပီ အသံနှင့်၊ မာန်နှင့်၊ ဌာန်နှင့်။
“ဆရာ သားသမီးချင်း ကိုယ်ချင်းစာတယ်၊ ပြီးတော့ ဆရာ့ဘ၀မှာ ဒီထက်မကဆိုးရွားတဲ့ ထိုးနှက်ချက်တွေ ကြုံဘူးပါတယ်။ သားကတော့ လူငယ်ကိုး။ ဘယ်ခံနိုင်ရည်ရှိဦးမှာလဲ။ ဒီမှာသား”
ပြောရင်းကျွန်တော့်ကို လှမ်းခေါ်သည်။ ကျွန်တော် ခေါင်းမော့၍ ခင်ဗျာဟု တိုးတိုးထူးလိုက်သည်။ ဖေဖေ့မျက်လုံးမှား လေးနက်ဝေမှုန်နေသည်။
(ဆက်ရန်)
No comments:
Post a Comment