Wednesday, September 22, 2010

ကြမ္မာမိုးတိမ်

မိုးတွေညိုမည်း မှိုင်းမှုန်လို.၊ခုဆို ရွာတော့မယ့်ပုံမျိုး။
ခြေလှမ်းလေးနည်းနည်းမှ မသွက်ချင်ဘူးလားမမရယ်။ကြည့်၊ ထီမထင် ဖြည်းညှင်းစွာ။

ပြေပြစ်တင့်တယ်သော ကိုယ်ဟန်ကို စွဲမက်ဖွယ်ရာ မပျောက်စေပဲ
အမြင်မရိုင်းအောင် ယဉ်ယဉ်နွဲ.နွဲ. လျှောက်တတ်သော အနုပညာကို
သူဘယ်မှာများသင်ကြားတတ်မြောက်ခဲ့ပါလိမ့်။

သပ်ရပ်တိကျသော ခြေလှမ်းတွေတိုင်းမှာ ကို.ကိုယ်ကို ယုံကြည်မှုရာခိုင်နှုန်း
ဘယ်လောက်များထည့်သွင်းထားမှန်း ကျွန်တော်မမှန်းဆတတ်ခဲ့ပါ။

ရုံးဆင်းချိန်၊ ရုံးတက်ချိန်များကို ကျွန်တော် မျှော်မောတတ်လာသည်။
အေးချမ်းတိတ်ဆိတ်သော လက်ခက်ရည်ဆိုင်လေးမှနေု၍ ကမ္ဘာတည်မည့် အလှအပတို.
နေထွက်သလို လထွက်သလို လမ်းချိုးလေးမှပေါ်လာသည်ကို
စောင့်ကြည့် မောသက်ဘူးပါသလား။

ဟောဒီ အမည်မသိရင်ခုန်သံကို အချစ်ဟုသာ အမည်တပ်လိုက်ချင်သည်။
မမရယ်၊ မမဣနြေ္ဒပျက်စေဖို. မဟုတ်ပါဘူး။
စုဖွဲ.လာတဲ့ တိမ်တိုက်တွေဟာ လိုအပ်ရင် မိုးအဖြစ် ရွာကျသလိုမျိုးပေါ့။
မမရဲ့ အေးချမ်းတဲ့ အလှထဲမှာ ရင်ထဲက မိုးမြူတွေလေ၊
တိမ်တွေလို အုံ.သက် ညို.ရီ လာခဲ့ပါရဲ့။

တဖွဲဖွဲဖြစ်ဖြစ်၊ တသည်းသည်းဖြစ်ဖြစ်၊ ရွာပါရစေလား ချစ်သူ။

= = = = = = = = = =
မရဲပဲနဲ. သူသေကိုသေ တိုက်ပွဲကို လိုက်ခဲ့သူတစ်ယောက်လိုပါမမရယ်။
ခြေလှမ်းတွေက တွန်.ဆုတ်အားလျော့လို.၊ဒါပေမယ့်……..

သူ.ခြေလှမ်းတွေက ကျွန်တော့်ခြေလှမ်းတွေထက် ခိုင်မာပြတ်သားလွန်းမှန်း
ကျွန်တော်သိသည်။
ကျွန်တော်နောက်မှ လိုက်လာသည်ကို သူသိနိုင်သည်။
သို.သော် မတိုးမလျော့သော လမ်းလျောက်ပုံ၊ အေးချမ်းစွာရှိနေသော အမူအရာတို.ဖြင့်
ကေသဧကရီ တစ်ပါးလို သူ ခန်.ထည်တည်ငြိမ်လှသည်။

ဟောဒီ ရဲဝံ့မှုတွေကြားမှာ ကျွန်တော် ဘယ်လိုပြောကြားရမှာလဲ။
တည်တည်တင်းတင်းလေး တစ်ချက်ကြည့်ရင်တောင် ဒူးညွှတ်ကျမိလိမ့်မယ်။
ဘာလဲလို. ခပ်စိမ်းစိမ်း တစ်ချက်မေးရင်တောင် နောက်လှည့် ပြေးမိလိမ့်မယ်။
တစ်ဆိတ်၊ မနှင်လိုက်ပါနဲ. မမရယ်။

“မနှင်းဖြူဇော်”

ဘေးချင်း မရောက်တစ်ယောက်ဝယ် ခေါ်မိသည်။
တိုးညှင်းသော်လည်း ကြားသာသော ကျွန်တော့်လေကို သူမတုံ.ပြန်ပါ။
ခြေလှမ်းမပျက်ပါ။

“မမ”

ဝေ့ကြည့်လာသော မျက်ဝန်း။
တင်းမာခြင်း၊ပြေလျော့ခြင်း အစွန်းနှစ်ဖက်လွတ်သော စူးစမ်းအကြည့်။
ကျွန်တော် အားတင်း၍ ဆက်ပြောမိသည်။

“ကျွန်တော် လိုက်ပို. ပါရစေ”

မဆိုစလောက်ပြုံးသည်။
ခြေလှမ်းကို အရှိန်လျော့သည်။ အခုမှကျွန်တော့ ရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။
ဘယ်ဘက် ရင်ခွင်မှ လှိုက်၍ ပူရှလာသည်။

“ဒီက…. မောင်……”
“ကျွန်တော့် နာမည် သက္ကကျော်ပါ”
“မောင်သက္ကကျော်၊ ဘယ်နှစ်တန်းလဲ”

ကျွန်တော် ရှက်ရွံ.စွာ ပြုံးမိသည်။
မိုးတို. ညို.ညိုနေသော ကောင်းကင်ကို အဓိပ္ပါယ်မဲ့ တစ်ချက်ကြည့်မိသည်။

“ဆယ်တန်း တစ်ခါကျလို. နောက်တစ်ခါဖြေရမှာပါ”

သူခေါင်းငြိမ့်သည်။ မျက်နှာနုပြေ၀ယ် ဒေါသ၊ မာန ဘာမှမတွေ.ရ။

“ငါ့မောင်က…. အဲ၊ ဒီလိုပဲခေါ်မယ်နော်”

ခေါင်းငြိမ့်ပြမိသည်။

“ငါ့မောင်က တို.ကို လိုက်ပို.ချင်တယ်။ တို.လည်း…..
အင်း…………သဘောပေါက် ပါတယ်”

ရှက်ရွံ.ဟန်မရှိ။အေးချမ်းသော မျက်နှာ။

“ဒါပေမယ့်ငါ့မောင်ရယ်၊ မင်းအရွယ်ဟာ စိတ်ကူးယဉ်တတ်တဲ့အရွယ်ဆိုပေမယ့်
စိတ်ကူးမယဉ်သင့်ဘူး”

အလျှင်အမြန် ဖြေရှင်းမည်ပြင်သော ကျွန်တော့်နှုတ်ခမ်းသည်
ကာလိုက်သော လက်ဖ၀ါးနုနုကြောင့် ဆွံ.အ သွားသည်။

“ငါ့မောင် စိတ်ကူးယဉ်ချင်ရင်လည်း မမနဲ. မဆိုင်ဘူး။ ဒါပေမယ့်”

ခဏ ရပ်သွားသည်.ပြီးမှ

“မင်း တို.ကိုတော့ စိတ်ကူးမယဉ်ရဘူး။ မယဉ်သင့်တော့ဘူး။
ဘာဖြစ်လို.လဲဆိုတော့…….”

ပြုံးသည်။လျော့ရဲသောအပြုံး။

“တို.မှာ အိမ်ထောင်ရှိတယ်”

ခဏမျှ မှောင်မိုက်သွားသည်။ အို…..

= = = = = = = = =
အေးစက်စ ပြုနေသည့် လက်ဖက်ရည်ခွက်ကို ကျွန်တော် တစ်ကျိုက်ကျိုက်သည်။
ပြီးမှ….

“ဘယ်ယုံမလဲ စာရေးဆရာရယ်၊ကျွန်တော်ကစုံစမ်းပြီးမှလိုက်တာကိုး။

သူ ကျွန်တော့်ကိုကြည့်သည်။

“ကိုသက္ကကို လိမ်တာပေါ့”
ကျွန်တော် ပြုံးမိသည်။ အပြုံးပီပါမည်လား မသိ။

“မဟုတ်ဘူး၊တကယ်ဗျ”

အံကို ကြိတ်မိသည်။

“မိန်းကလေး တစ်ယောက်တည်း ဦးဆောင်နေတဲ့ မိသားစုကြီးကြီး တစ်ခုကို
ခင်ဗျားစဉ်းစားကြည့်စမ်း။ ဒီလိုနဲ.သူဟာ….
ကုန်သည်ကြီးတစ်ယောက်ရဲ့……”

ပါးစပ်က ထွက်မရ။ ပြော၍မထွက်။ သူလက်ကာပြသည်။

“ကျွန်တော် နားလည်ပြီ”
ကျွန်တော် ခေါင်းငြိမ့်သည်။

“အဲဒီမှာ ကျွန်တော် စာမေးပွဲ အောင်အောင်ဖြေတယ်။ပြီးတော့ ကြိုးစားတယ်။
ကြိုးစားပုံတွေ ကတော့ ၀တ္တုထဲကလို လွယ်လွယ်တော့ မဟုတ်ဘူး။
ဒါပေမယ့် ကျွန်တော် အောင်မြင်စပြုလာတယ်။ အဲဒီအချိန်မှာ သူ ခင်ပွန်းဆုံးတယ်”

“မြန်လိုက်တာ”
“အတိုချုပ် ပြောတာကိုးဗျ”

သူခေါင်းငြိမ့်သည်။

“သူအမွေရလိုက်မှာပေါ့”
“တပြားမှ မရဘူး”

ကျွန်တော် နာကျည်းစွာပြောမိသည်။ စာရေးဆရာ မျက်လုံးဝိုင်းသွားသည်။

“သူ အမွေမှုမှာ ရှုံးသွားတယ်”
“သြော်”
“ကျွန်တော် သူ.ကို သွားတွေ.သေးတယ်”

= = = = = = = = = =
သူပြုံးသည်။ တစ်ခါမှ မမြင်ဘူးသော ကြေကွဲပြုံး။

“မောင်လေးရယ်”
သူပြုံးပြန်သည်။

“မမမှာ ဒီလိုမျိုး တကယ်ကို ချစ်နေသူတစ်ယောက် ရှိပါ့လားဆိုတဲ့
ကျေနပ်ပီတိလေးကို အသည်းထဲစွဲအောင် မှတ်ထားလိုက်ပါ့မယ်။
ဒါပေမယ့် မောင်လေး နောက်ကို ဒီလိုစကား ဘယ်တော့မှ မပြောပါနဲ.။”

“မမ”
ခြောက်ခြားစွာ ခေါ်မိတော့ သူပြုံးပြန်သည်။
ဘာကြောင့် ကြောက်စရာကောင်းသော အပြုံးကိုချည်း သူပြုံးနေပါသလဲ။

“မောင်လေး၊ ရွံ.ပေတဲ့လက်နဲ. စံပယ်ခူးရင် ဘာဖြစ်မလဲ”
တိတ်ဆိတ်စွာ ငြိမ်နေမိသည်။
“စံပယ်တွေ ပေကျံကုန်မှာပေါ့၊ ဒါ့အပြင် မမလေ……..”

အသံတွေ တုန်ခါလာသည်။

“အသိုင်းအ၀ိုင်းတစ်ခုမှာ နာမည်ဆိုးရပြီးပြီ။
နောက်ထပ် အသိုင်းအ၀ိုင်း တစ်ခုရဲ့ အငြိုငင်ကို မခံပါရစေနဲ.တော့”

ရင်ထဲဝယ် ပြိုဆင်းနာကျင်သွားသည်။

“တစ်ခုတော့ ပြောလိုက်ပါ့မယ်။ မမရဲ့ ဘ၀ထဲမှာလေ၊
ငယ်ငယ်ရွယ်ရွယ် ရူးရူးမိုက်မိုက် အချစ်မျိုးကို မကြုံဘူးခဲ့ဘူး၊ အချစ်ဆိုတာတောင်
ရှိခဲ့ရဲ့လား မသိပါဘူး”

သူခေါင်းငုံသည်။
“တခါတခါတော့ မျက်ကန်းတစ်ယောက်လို လူတစ်ယောက်ကို ချစ်ပစ်လိုက်ချင်စိတ်တွေ
စိတ်ကူးယဉ်ခဲ့ဘူးပါတယ်။ အင်း……..
နောက်ဘ၀မှာ ကြုံပါစေလို.လည်း ဆုတောင်းခဲ့ဖူးတယ်”

မျက်ရည်စ။ ဘာအဓိပ္ပါယ်နည်း။

“ဘယ်တုန်းက ဆုတောင်းခဲ့ ဖူးလဲ၊ သိလားမောင်လေး”
ပြုံးသည်။စိုရွှန်းသော မျက်လုံးနှင့် အလှဆုံးအပြုံး။

“မင်း မမကို လိုက်ပြီး စကားပြောတဲ့ နေ.ကပါ မောင်လေးရယ်”
……………………………………………………
……………………………………………………
…………………………………………………..
အမာရွတ်၊ တစ်သက်လုံး မပျောက်တော့မည့် အမာရွတ်။

= = = = = = =
စာရေးဆရာပြုံးသည်။
“အေးပေါ့ဗျာ၊ ယောကျားတစ်ယောက်ဟာ အသက်နှစ်ဆယ်မကျော်ခင်မှာ
မမနတ်သမီးတစ်ယောက်ကို ချစ်ကို ချစ်ဖူးရမှာပေါ့”

ကျွန်တော် ဖွဖွ တိုးတိုးရယ်မိသည်။
“နောက်တော့ကော”
သူဆက်မေးသည်။
“သူ……ဆုံးသွားတယ်”
“ဗျာ”
“ဟုတ်တယ်၊ ကင်ဆာနဲ.”

ခဏမျှတိတ်ဆိတ်သွားသည်။ မသောက်ဖြစ်သေးသော ရေနွေးကြမ်းတို.
အေးစက်နေကြတော့မည်။

“ကဲ၊ စာရေးဆရာ”
သူ ခပ်ငိုင်ငိုင် မော့ကြည့်သည်။
“ကျုပ်တို.အကြောင်း ၀တ္တုရေးမလား”
“မရေးဘူး”
“မရေးဘူး”

သူ မပီတပီ ပြုံးသည်။
“ဇာတ်လမ်းမှ မရှိတာ”
ဒီတစ်ခါ ပြုံးရသူက ကျွန်တော်။
“မရေးလည်းနေပေါ့ဗျာ”

နှစ်ဦးသား အဝေးသို. ငေးမိကြသည်။
ဘ၀တစ်ခုလုံး အုံ.အုံ.သည်းသည်း နာကျင်ခဲ့ရတာလည်း ဇာတ်လမ်းတစ်ပုဒ်တောင်
မဟုတ်ခဲ့ပါလား မမရယ်။ အင်းလေ….. ဇာတ်လမ်းဆိုတာကလည်း အဆုံးအစ ရှိမှကိုး။
အခုတော့လည်း……………….

“အခု ခင်ဗျားဇနီးက….”
သူ.အမေး
“နှင်းဖြူနွယ် တဲ့”
“ဗျာ”

သူ မျက်လုံးဝိုင်းသွားသည်။ကျွန်တော် ခေါင်းငြိမ့်ပြသည်။

“ဟုတ်တယ်၊ မမရဲ့ အထွေးဆုံးညီမလေး”
သူ.အကြည့်ကို တည့်တည့်ပြန်ကြည့်ရင်း
“သူဆုံးသွားတော့ သူ.မိသားစု တာဝန်ကို ကျွန်တော်ဆက်ယူလိုက်တဲ့ သဘောပါပဲ”
“ခင်ဗျား……..သူ.ကို ချစ်လို.လား”

ကျွန်တော် ပြုံးမိသည်ထင်သည်။
“အချစ်ဆိုတာ ဘ၀မှာ တစ်ခါဆိုရင် လုံလောက်ပါတယ်လေ။
သြော်၊ကံကောင်းတာက နွယ်က ကျွန်တော့ကို ချစ်ရှာပါတယ်”

ကျွန်တော်ပြန်တော့ စာရေးဆရာ ငေးငိုင်ကျန်ရစ်သည်။
သူ ၀တ္တုတစ်ပုဒ် ဖွဲ.မည်လား မဖွဲ.မည်လား ကျွန်တော် မတွေးတော့။

သူ.အတွေးမြူတွေ တိမ်လို စုဖွဲ.လာနိုင်သော်လည်း ရွာချင်မှရွာပါစေတော့။

တစ်ခါတစ်ရံ ညိုရုံညို၍ ရွာခွင့်မရသော မိုးတိမ်တို.လည်းရှိဦးမည်။
လေအဝှေ.၀ယ် ဟိုသည်ရွေ.လျားရင်း ပြိုပျက်ကြလိမ့်မည်။ ကိုကဖန်တည်း၍မရ။
ဟောဒီ ကံကြမ္မာ တရားလိုပေါ့။ ။
(၇.၆.၂၀၀၄ မှာရေးပါတယ်)

No comments: